အစမ်းသပ်ခံ

Monday, July 6, 2009
မယုံရင် ၀င်လာခဲ့
ရုပ်မရှိပေမယ့် တည်ကြည်တယ်
အပြောမကောင်းပေမယ့် မနောကောင်းတယ်
သူဌေးမဟုတ်ပေမယ့် ၀မ်းဝစေမယ်
ပညာမတတ်ပေမယ့် လူရာတင့်စေမယ်
ကားမရှိပေမယ့် လိုရာရောက်စေမယ်
လစာမကောင်းပေမယ့် လှတာတွေဝတ်စေရမယ်
အများနဲ့မယှဉ်နိုင်ပေမယ့် နှလုံးသားခြင်းလက်ဝှေ့ထိုးရဲတယ်
လိုအပ်ရင် အစမ်းသပ်ခံရဲတယ် ( အသဲနှလုံး )
စမ်းကြည့်လိုက် ကြိုက်ရင်နေခဲ့
မကြိုက်ရင် ပြန်ထွက်သွား ( ကားဂိတ်ရောက်အောင် လိုက်ပို့ပေးမယ် )
နှလုံးသား တစ်စုံက စမ်းသပ်ခံဖို့ ခပ်ရဲရဲပဲ

10 ဝေဖန်ထားပါတယ်။:

အချစ်မဲ့ဂစ်တာ said...

အလဲ့.. ကြော်ငြာတယ်ပေါ့..

Ree Noe Mann said...

ဦးရှင်ကြီး လန်နေတာပဲဗျာ။

မိုက်တယ်။

ရီနို

စည်သူ said...

ဦးဦး ဂယ်ဟုတ်ယို့ယား
တားတားယာမယ်နော်..။

ကောင်းကင်ပြာ said...

မမ ပြန်သွားတယ် ကားငှားပြီးတော့:P

ကဗျာမလေး said...

ဟုတ်ရင်ကောင်းတာပေါ့ ..... နော် :)
နှလုံးသားကိုတော့ မစမ်းသပ်တော့ပါဘူး ..... တော်ကြာ မပြန်နိုင်ဖြစ်နေမှာစိုးလို့ ...ဟိ။

မိုးခါး said...

အာပါး
ဟုတ်နေရောပဲ
:D

စန္ဒီမိုးမြင့် said...

ကိုကြီး ညီမလေး ကားထုတ်ထားလိုက်မယ် ကိုကြီးကားဂိတ်ထိ လိုက်မပို့နဲ့တော်ကြာ ကားဂိတ်လိုက်ပို့နေတုန်းနောက်တစ်ယောက်က စမ်းသပ်ချင်လို့ပါဆို ကိုကြီးမရှိရင် ဘယ်နှယ်လုပ်မလဲ :P
ခင်မင်လျက်
ညီမလေး
စန္ဒီမိုးမြင့်
မန္တလေး

မငုံ said...

အလဲ့ ကောင်းတယ်။ မိုက်တယ်။ :)

Unknown said...

ခိုက်တယ်
လုံးဝ ခိုက်သွားပီ။
(ကဗျာ)သယ်သွားတယ်နော်။ ကားဂိတ်ရောက်အောင် မပို့လည်း နေပါ။ ကိုယ့်ဘာသာပဲ ကားဂိတ်ရောက်အောင် သယ်သွားပါတယ်။ မကြည့်ရက်ရင်တော့ Taxi ဖိုးလေး လိုက်ရှင်းပေးပေါ့။

စမ်းသပ်ပွဲတက်ရောက်လာပါတယ်။ လူပျောက်နေလို့ ပြန်သွားတယ်နော်။
ခင်လျက်။

Unknown said...

ကြိုပါ့ စာသားကိုပြောတာ