မနင်းဖြတ်ချင်ပေမယ့်
လှမ်းရမယ့်ကံပါနေတော့
ခြေရာပြန်ကောက်တာလည်း
မဟုတ်ခဲ့ပါဘူး
ချစ်ဦးသူရယ်
တစ်ကယ်တမ်းတော့လည်း
အငွေ့အသက်တွေက
လူသတ်ကွင်းတစ်ခုလို
ပုံစံမပြောင်းလဲပဲ
သွေးအေးနေခဲ့တာ
ကိုယ်ကိုယ်တိုင်သိလိုက်ရတော့.........
လေအနှော့ကဆံနွယ်ကျော့လေး
ပါးမို့မို့ကသနပ်ခါးနံ့လေး
လေပြည်ကြားကချိုသံလွင်လေး
ရင်ခွင်ကြားကအနမ်းပန်းလေး
ခုံတန်းလျားကဖဲထီးဝါလေး
အမှတ်ရစရာလေးတွေ
တိုက်ဖျက်ကာသွားတဲ့
ရက်စွဲလေးတစ်ခုဟာ
နင်ရောငါရော
မမှားယွင်းခဲ့တဲ့
အောက်မေ့ဖွယ်ရာ
မဟုတ်တော့ပေမယ့်
မေ့ပစ်နိုင်စရာ
အကြောင်းလည်းမဟုတ်ပြန်တော့
အတိတ်ဟောင်းမှာ တစ်ကယ်ပါ ငါလမ်းလျှောက်ခဲ့ဖူးတယ်....

8 ဝေဖန်ထားပါတယ်။:
အင်း အတိတ်ဟောင်းကို တမ်းတပြီး ကြေကွဲနေတယ်ထင်တယ် နောင်တတော့ မရနဲ့ ဦးရှင်ကြီးရေ.. ဆက်လျှောက် အနာဂတ်ကို အားပေးနေတယ်
လေးစားလျက်
တောင်ပေါ်သား
အင်း ခနအလည်ပြန်တာ တခါထဲ သိလာခဲ့ပါရောလားးးး၊
ပြန်သွားတာ ချစ်ဦးသူနဲ့တွေ့ခဲ့လား
အလည်ပြန်တဲ့ခဏကိုခံစားခဲ့ရတယ်ပေါ့..
အလဲ့... အတိတ်ဟောင်းကိုလား.. ဟီးဟီး ပြောပြဦးလေ.. ဇာတ်လမ်းတွေကို
ဘယ်သူကခွဲခဲ့တာလဲ အသည်းကို :D
အတိတ်ဟောင်းမှသည် လှပသော အနာဂါတ်များဆီသို့
ခင်မင်စွာဖြင့်
သီဟသစ်
ဝါးးးး ကဗျာလေး ကောင်းလှချည်းလှဗျ။ ကြိုက်တယ်။ ဒါနဲ့ ပြန်သွားပြီးမှ ဒီကဗျာရေးတာဆို. အတိတ်ဟောင်းကို လွမ်းနေပြီထင်ပ:))
ဟဟ.. ကိုလားရှိုးတော့..
လုပ်ပြီ.. သေချာကြည့်ခဲ့တယ်မလား..
အရင်လိုပုံစံပဲမလား.. သူပျော်နေပြီပဲ..
ကြည့်ခဲ့ရပြီပဲ... ဒီထက်ပိုနီးစပ်ချင်သေးလို့လား..
ပြီးခဲ့တာတွေပြီးပါစေတော့ဗျာ... သူစိတ်ချမ်းသာဖို့ပဲ အဓိကကျမယ်ထင်တယ်.. ကိုယ်လဲ ကိုယ့်ဘ၀ကိုလျှောက်ရမှာပဲလေ...
ခင်တဲ့ညီလေး
ခီခန့် (လူပျင်းလေး )
Post a Comment