ပင်လုံးကြိုင်

Wednesday, April 8, 2009
မြရည်ရွက်စိမ်းတွေ ကြားက

ရွှေအိုရောင် ဖူးစုံငယ်လေးတွေ

ပုလဲပွင့်ထွေခင်း ရှပ်တိုက်ပြေးရုံနဲ့

မြသားကို ရွှေပုဝါလွှမ်းလို့

ပင်လုံးလှိုင် ကြိုင်ပါရော့လား.......!

14 ဝေဖန်ထားပါတယ်။:

တောင်ပေါ်သား said...

ကဗျာကို လာခံစားတာ... ဒါပေမဲ့ စိတ်ညစ်နေလို့ ဘာအပင်မှန်းကို စဉ်းစားမရဘူး ပြန်လာမယ် သေချာစဉ်းစားပြီ စံပယ်ပင်လား ငုဝါလား ပိတောက်လား သေချာတာကတော့ ဦးရှင်ကြီး သင်္ကြန်ဇာတ်လမ်းတွေ ခင်းနေတာ အဟဲဟဲ သိသားပဲ

လေးစားလျက်
တောင်ပေါ်သား

Welcome said...

သင်္ကြန် ဧကရီရဲ့ အလှကို ဖွဲ့ဆိုထားတဲ့ ကဗျာလေး ကောင်းတယ်။

နှစ်သစ်မှာ ပျော်ရွှင်နိုင်စေဖို့ ဆုမွန်တောင်းပါတယ်။

ဝင်းဇော်

WWKM said...

ကောင်း၏.
သင်္ကြန်မှာ ဖူးစာဆုံနိုင်ပါစေ ဦးရှင်ဂျီးရေ.း)

megumi said...

ပိတောက်ဂုဏ်ရည် နံပါတ်(၃)လား။ :P :D :)

မသက်ဇင် said...

ရှင်ရဲထွတ်ရေ---
"ပင်လုံးကြိုင်"
ဖတ်ရင်း စဉ်းစားနေမိတယ်--
ရှင်ရဲထွတ်တယောက် အခုတလော--
ပန်းအကြောင်း သိပ်ရေးနေတယ်လို့လေ--
သင်္ကြန်ပြန်ပြီး ပျော်ချင်ပုံရတယ်--
အချစ်လေးရယ်--ပိတောက်လေးရယ်--ပေါ့

စိုင်းလောင်မိန်းသက် said...

ကဗျာလေးလာဖတ်ပါတယ်ဗျာ
ခင်မင်မှုဖြင့်
စိုင်းလောင်မိန်းသက်

Anonymous said...

မဆိုးဘူး ကောင်းသားပဲ

thinzar said...

သင်္ကြန်နားနီးရင် အားလုံးက ရူးချင်နေတာနော်...
ပိတောက်ကိုလည်းလွမ်းတယ်....
ကဗျာကိုဖတ်ပြီး ပိတောက်ပန်းနံ့တောင် နှာခေါင်းထဲ
ရောက်လာသလိုပဲ..... သင်္ကြန်ရေ လွမ်းတယ်ဗျို့.....

ကဗျာဦး said...

"ပင်လုံးကြိုင်"
ကဗျာလန်းတယ်
ဝေးနေတာခက်တယ်
ရှင်ရယ်

Anonymous said...

ပင်လုံးကြိုင်....လို.ဆိုလိုက်တော.
ကိုယ်.မျက်လုံးထဲ မြင်မိတာက
အပင်တစ်မျိုး......
သူကလည်း....မြရည်ရွက်စိမ်းတွေကြားထဲမှာ
ရွှေအိုရောင် ဖူးစုံငယ်လေးတွေနဲ.ပဲ...
ယောက်ျားတွေအတွက် အဲဒီ အပင် အမြစ် က
ဘာဆိုလား....
အရမ်းအသုံးဝင်တယ်တဲ့.....
ဟီး ဟီး
အနော်က Original လေးပါနော်

Anonymous said...

မိုက်တယ်ဗျာ.. ပိတောက်ပန်းလို့ ထင်တာပဲ
တင်းစားသွားပုံလေးကို သဘောကျတယ်။

Unknown said...

ပုလဲပွင့်ရှပ်တိုက်ပြေးတာ ပင်လုံးလှိုင်ယုံတင်ဘယ်ကပါ့မလဲကွန်းကွန်း ရယ် ငါ့ဖုန်းပါပျက်သွားတယ်ဟာ
ကဲမောင်ကွန်းကွန်းအဲဒါကိုဘယ်လိုရှင်းပေးမလဲပြော...

မသက်ဇင် said...

အသစ်ရေးအုံးလေ

အရုပ်ကလေး said...

ပင်လုံးကြိုင် ဆိုတာ တစ်ပင်လုံး မွှေးကြိုင်စွာ တစ်ပင်လုံး
ပွင့်ဖူးနေတယ် ထင်တာပဲ အစ်ကို .. တင်စားထားပုံက

ကဗျာလေးက တိုပေမယ့် စကားလုံး စီထားတာလေးလှသလို အတွေးလေးကို အခြေခံလို့ တင်စားထားပုံလေး ကောင်းတယ် ..။