ရွှေလက်ရာ

Sunday, March 22, 2009
တိမ်နံရံမှာ
ချစ်ခြင်းသီဖွဲ့
ကဗျာတစ်ပုဒ်
အဟုတ်မှတ်လို့

ကန်ရေပြင်မှာ
သွေးစုတ်ချက်ရမ်း
ပန်းချီစမ်းတာ
အဟုတ်မှတ်လို့

တိမ်လွှာမှာလည်း
ကဗျာမကျန်
ရေပြင်မှာလည်း
အရုပ်မရှိ

အပြုံးတုကို
ရုပ်ထုမှတ်လို့
ရွှေလက်ရာလည်း
ရုပ်ဖြစ်ကြွင်းပြီ

14 ဝေဖန်ထားပါတယ်။:

မသက်ဇင် said...

တိမ်လွှာမှာလည်း
ကဗျာမကျန်
ရေပြင်မှာလည်း
အရုပ်မရှိ

နုနုလှလှလေးပါလား ရှင်ရဲထွတ်---
တပုဒ်လုံးလှနေတယ်--

WWKM said...

ကဗျာဆရာ လက်ရာကတော့ မိုက်တယ်...

Anonymous said...

အာရား လောက်ရှမ်းရ
ကောင်းလယ်ဟ ဂွတ်လယ်ဟ :P

နှင်းပွင့်ဖြူ said...

တစ်ပုဒ်လုံးမိုက်တယ် ကဗျာဆရာ ရဲ့ လက်ရာကတော့

thinzar said...

ကောင်းလှခြည်လား....
ပမာနှိုင်းထားတာလေးတွေ လှတယ်
ဂွတ်တယ်ဟ ဂွတ်တယ် ။

Anonymous said...

ကြိုင်းတူ.ရ... ကောင်းလှချည်းလားဗျ။

Dream said...

မိုက်တယ်ကွာ.. ရုပ်ဖြစ်ကြွင်းတယ်ဆိုပါလား...

ဒါဆို ပြတိုက်မှာ သွားပို့ထားမယ်.. ဟတ်ဟတ်.. :P

megumi said...

အဟုတ်မှတ်တော့ စိတ်ညစ်ရတာပေါ့။ နောက်ဆို ချင့်ယုံသိလား။ :P

(ဟိဟိ၊ စနေကျမို့ စတာပါ။ )
ကဗျာရေလည်လန်းတယ်။
တော်လိုက်တဲ့ ကိုရှင်ရဲထွတ်ကြီး။

ရွှေပြည်သူ (ShwePyiThu) said...

စာသားလေးတွေက နူးနူးညံ့ညံ့နဲ့ တကယ်ကို ဖတ်လို့ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ အစ်ကိုရေ... “အပြုံးတုကို ရုပ်ထု” မှတ်သတဲ့လား...

တောင်ပေါ်သား said...

တခါတရံ အဟုတ်ထင်မှတ်
အမှတ်မှားလို့ ရင်တွေနာဆဲ
သတိရဆဲ

အဟား စပ်ကြည့်တာ မရဘူးဗျာ.. ကဗျာလေးက နုနုလေးဆိုတော့ ဒီငတောင် မစပ်တတ်ဘူးဗျာ.. အကိုရေ ရုပ်ဖြစ်ကြွင်းချိန် မရောက်ခင် အမြန် စွံပါစေသာ စွံစေသား........


လေးစားလျက်
တောင်ပေါ်သား

ကြယ်ပြာ said...

လေးလုံးစပ် ကဗျာလေးကမိုက်လိုက်တာ ... ခုမှလာဖတ်ဖြစ်တယ် ... အားလုံးအဆင်ပြေတယ်ဟုတ် ...

ကဗျာဦး said...

ကဗျာလေးရေးထားတာ ရိုးတယ်
ကဗျာဆရာလိုပါပဲ
ခင်တဲ့
ကဗျာဦး

Anonymous said...

တိမ်လွှာမှာကဗျာမကျန်တာ မိုးရွာလိုက်လို့ပါ
ပြန်ရေး ပြန်ရေး ။ ရေပြင်မှာ အရုပ်မရှိတာ သူများလုသွားလို့ထင်တယ်။
( စတာနော် ) ကလောင်သွားထက်တယ်။

Mhu Darye said...

အရေးအဖွဲ့ က စံပဲ...။
လာဖတ်တယ်။