တက်ဂ်ရခြင်း

Tuesday, September 2, 2008
အနှီ... စလုံးမှ ၀လုံး အဲမှားလို့
ကောင်မလေး၏ အနိုင်ကျင့်ခြင်းကို
ခံရသော်ငြားလည်း ပြုံးပြုံးကြီးဖြင့်
ဤတက်ဂ်ခြင်း အမှုကိုကျုပ်ပြုပေတော့မည်.....

ကျုပ်တွင်သာမန်မျှသာရှိသော ကိစ္စနှင့်ဝိစ္စမှာ.....
နာမည်..... ရှင်ရဲထွတ်
nick name..... ရဲထွတ်ငယ်
ဝါသနာ..... ကဗျာရေးစပ်ခြင်း
နေရပ်..... ပထ၀ီမြေထု

နှစ်သက်သောအရာများ.....
အရောင်..... ဖြူ မည်း
ပုံစံ..... လွတ်လပ်သော
ဂီတ..... ရော့ ( ခ် )
အဆိုတော်..... လေးဖြူ
ဝါးတီး.... ရိုးရာ
စာရေးဆရာ.... မောင်ထင်
အားကစား..... ဘော်လုံး

အချစ်ရေးအချစ်ရာ.....
ခဲမှန်ဖူးသူမို့ ညှို့သံကြားရင်လန့်တယ်

လေးစားရသောပုဂ္ဂိုလ်များ.....
လေးစားထိုက်သော ပုဂ္ဂိုလ်များအားလုံး

အားလပ်ချိန်.....
ကဗျာစပ်၍ တန်ဖိုးရှိသော အချိန်များဖြုန်းတီး

ပျော်ရွှင်ဆုံးသောကာလ.....
ဝမ်းနည်းခြင်းနှင့် ကင်းဝေးသော ကာလ

ဝမ်းနည်းဆုံးသောကာလ.....
သစ္စာတရားဖြင့် ထိန်းကွပ်သည်

ပြောပြလိုသောအရာ.....
လိမ္မာစွာ နေကြရန်

စိတ်ဝင်စားသောအရာ.....
ဝေဒနာနှင့်တဏှာ ကြားမှထွက်ခွာရန်

ဤ tag အားရေးရခြင်းအကြောင်းရင်း.....
နားပူလာသူ DREAM ဆိုသူ၏ ပေးသောဆုနှင့်
ပြည့်ဝစေရန်အလို့ငှာ ရေးရခြင်းပင်ဖြစ်တော့သည်....

3 ဝေဖန်ထားပါတယ်။:

Dream said...

ဟေး..ဒါမှတို့ဦးရှင်ကြီးကွ..
ပေးတဲ့ဆုကိုရစေသတည်း... မောင်မင်း..
ဒါနဲ့...အိအိဆိုတာအဒူတုန်း... မီးလည်းအတိဝူး..

Anonymous said...

အဲ..ကိုရှင်ရဲထွတ် Tag တာပဲကောင်းတယ်..
တိုတို တုတ်တုတ်..ပြီးရောပဲ..
ကျမတော့ Tag ဖို့ကိုတနေကုန် အလုပ်ရှုတ်သွား
တာပဲ... :D

နှင်းပွင့်ဖြူ said...

ခဲမှန်ဖူးသူမို့ ညှို့သံကြားရင်လန့်တယ်
ခွီးခွီး ....... ဦးဦးရှင်ရဲထွတ်