သွေးချင်းများ

Wednesday, August 20, 2008
ရဲရင့်ပါ၏
ပြတ်သားပါ၏
နူးညံ့ပါ၏
မာကျောပါ၏
သွေးစက်အားလုံး
နီရဲပါ၏
သွေးကြောများစွာ
စီးဆင်းပါ၏
ဆုံဆည်းပါသည်
ပျော်ခြင်းရွှင်ခြင်း
ငိုခြင်းရီခြင်း
ဖလှယ်ကြသည်
သွေးချင်းရယ်မို့
တူတူခံစား
တူတူကျော်လွှား
နေ့ရက်များကို
ကဗျာလေးနဲ့
သွေးချင်းတို့ရေ
လာအတူတူ
သွားစို့လားကွယ်

0 ဝေဖန်ထားပါတယ်။: