ကျွန်တော်မကောင်းဘူး

Monday, August 11, 2008
မသိမှု့ အ၀ိဇ္ဇာရှိ နေသေးသရွေ့
ဘယ်သူမျှ မကောင်းနိုင်ကြသေးပါဘူး ။
သစ္စာလေးပါးကို မသိသေးသရွေ့
ဘယ်သူမျှ အကောင်းဘက်ကို
ရောက်မလာနိုင်ကြသေးပါဘူး ။
အ၀ိဇ္ဇာမောဟရှိရင်
လောဘ ဒေါသလည်း ရှိနေဦးမှာပဲ ။
လိုချင်တာရှိနေသေးရင်
စွန့်လွှတ်မှု့တွေအတွတ် လက်နှေးတွန့်ဆုတ်နေဦးမှာပဲ ။
မုန်းတီးတဲ့ ဓါတ်ခံရှိနေသေးရင်
သူတစ်ပါးအကျိုး လိုလားမှု့နဲ့ ကိုယ်ချင်းစာမှု့တွေလည်း
လူတိုင်းရဲ့ စိတ်သန္တာန် အသီးသီးမှာ နေရာယူဖို့
ခဲယဉ်းနေဦးမှာပဲ ။
သူများမကောင်းတာကို
တွေးနေ ပြောနေမယ့်အစား
ကိုယ်မကောင်းသေးတာကို
ဆင်ခြင် ရှု့မှတ်ပွားများနေဖို့က
အရေးကြီးပါတယ်....

ဆရာ မြသန်းစံ ရဲ့ သတိပေးစာလေးပါ
တစ်ခုခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

2 ဝေဖန်ထားပါတယ်။:

မသက်ဇင် said...

ရှင်ရဲထွတ် ရေ့ 

ဆရာမြသန်းစံ ရဲ့ ကဗျာလေးက အတော်ကောင်းတယ်။
တကယ်ထိတယ်။ ဝေငှပေးလို့ ကျေးဇူးတင်ပါတယ်။

Anonymous said...

သူများမကောင်းတာကို
တွေးနေ ပြောနေမယ့်အစား
ကိုယ်မကောင်းသေးတာကို
ဆင်ခြင် ရှု့မှတ်ပွားများနေဖို့က
အရေးကြီးပါတယ်....


အဲဒီစာပိုဒ်လေးကိုကြိုက်တယ်။
တခုခုလည်းရသွားတယ်နော်..သိလားဦးရှင်ကြီး