အထီးကျန်

Tuesday, August 5, 2008
လူခြေလည်းတိတ်
မီးလည်းမှိတ်ပိတ်
ညဥ့်နက်သန်းခေါင်
ထထယောင်လို့
ကြယ်စင်တစ်ဆုပ်
မှိတ်တုတ်တုတ်နှင့်
ကလူကျီစယ်
ဗြီတီတီဖြင့်
ရည်းစားမရှိ
ငါ့အဖြစ်အား
လှောင်၍ပြောင်၍
နေရော့သလား.....

6 ဝေဖန်ထားပါတယ်။:

ကိုသက်နောင်(phoeniz) said...

ရည်းစားမရှိတာနဲ့  ဂရောင်၆ခြား ဖြစ်နေတာပါ
တကယ်က ကြယ်လေးတွေက
သူတို့ တွေကို ကြည့်နေကြတဲ့
ချစ်သူ စုံတွဲတွေကို
ပြန်အချက်ပြနေတာဗျ..... :)

ပန်းခရမ်းပြာ said...

ရည်းစားမရှိတဲ့ လူပျိုလေးပါလို့များ ကြော်ငြာနေတာလား.

နှင်းပွင့်ဖြူ said...

ူလူပြိုကြီးဗျို. လူပြိုကြီးပါ ဘယ်နှယ့် လူပျိုလေးလဲ
ဟိုက အရမ်းအရမ်းကို သဘောခွေ့နေဦးမယ် ဟီးး :P

မသက်ဇင် said...

လောကကြီး
နာကျင်မှုတွေ
စွန့်လွှတ်ရမည့် အရာများ
ရွှင်လန်းချမ်းမြေ့ပါစေ...

ကိုရင်နော်ခင်လေးငယ် said...

အဟိ...
ကြော်ငြာလေးလာဖတ်တာ...
ဆယ့်တစ်ကျပ်...အဲ့ စိတ်ဓါတ်မကျနဲ့
ပြန်ကောက်တင်ထား..
ခင်လေး (Blogger)သယ်ရင်းတွေရှိတယ်..
ရှာပေးမယ်..

စတာပါ..
ကဗျာလေးအရမ်းကောင်းတယ်
မှိတ်တုတ်တုတ် ကြယ်လေးတွေအပြူံးကို
ပြီတီတီ လို့ တွေးထားတာလေး ကောင်းတယ်ရှင်..

megumi said...

ရည်းစားမရှိတာများ အကိုရယ်၊
ကိုယ့်ညီမလေးတွေကို အားကိုးပြီး ရှာခိုင်းပေါ့။
စိတ်မပူနဲ့၊မမလှလှလေး (1)ယောက် ရှာပေးမယ်သိလား။ အခုလောလောဆယ်တော့၊သူ့ဟာသူ နေတဲ့ ကြယ်လေးတွေကို အထင်မမှားပဲနဲ့ ခဏ စောင့်အုန်းနော်။ :P :D