လွန်လေသော

Sunday, August 3, 2008
ငါရီတော့ နင်လိုက်ရီတယ်
ငါငိုတော့ နင်နှစ်သိမ့်တယ်
ငါလိုတော့ နင်ဖြည့်ဆည်းတယ်
နင်လိုတော့ ငါမေ့နေတယ်
ငါသတိ လည်လာတော့
နင်မရှိတော့ပါလား.....

4 ဝေဖန်ထားပါတယ်။:

megumi said...

ကောင်းလိုက်တဲ့ ကဗျာလေး။
ဟုတ်တယ်နော်။
ကျမ လည်း ကြုံဖူးပါတယ်။
(ထားခဲ့တဲ့ ဘက်ကရော၊အထားခံ ရတဲ့ ဘက်ကရော။) :P :D :P

ကိုသက်နောင်(phoeniz) said...

ပိုနေရင်သာ မသိသာတယ်
လိုနေရင် ဘ၀တစ်ခုလုံး
ဟာနေသလိုကွယ်.........
စိုင်းထီးဆိုင် သီချင်း ပါ။

ရှိနေချိန်မှာ တန်ဖိုးသိတတ်ဖို့ 
လိုတာကို သတိပေးထားနိုင်တဲ့
ကဗျာကောင်း တစ်ပုဒ်ပါ...

ကိုရင်နော်ခင်လေးငယ် said...

ကျမကတော့ ဖြည့်ဆည်းသူ
သက်သက်ပဲ ဖြစ်နေခဲ့ဖူးလား
မသိတော့ဘူး....

Anonymous said...

ဇော်ဝင်းထွဋ်ရဲ့ အနှိုင်းမဲ့ သီချင်းကို သတိရမိတယ်... :)