ငယ်ကျွမ်းဆွေ

Saturday, July 12, 2008
ငယ်စဉ်တောင်ကျေး
ချာတိတ်လေးမှ
ပျိုး၍စတင်
ခင်ခဲ့ပါ၏
တူသွားတူစား
တူကစား၍
ခင်မင်မေတ္တာ
ဖြူခဲ့ပါ၏
နေ့တွေလပြောင်း
ရက်တွေဟောင်း၍
ရင်ခုန်ဖော်ဖက်
စုံမက်ပါ၏
ငယ်ကမေတ္တာ
နှစ်တစ်ရာဟု
သူသူငါငါ
ဆိုသော်ငြားလည်း
မောင့်ရင်ဖြစ်ပွား
ချစ်စိတ်များမှ
နောင်နှစ်တစ်ထောင်
တည်စေမည်... မိ......

ကိုသက်နောင်ချစ်သူအတွက်
ရှင်ရဲထွတ် ရဲ့ လက်ဆောင်ပါ....

2 ဝေဖန်ထားပါတယ်။:

Anonymous said...

ကျေးဇူး ကဗျာ...
ကျေးဇူး ကမ္ဘာ ပါဗျာ...
thz a lot...
ရှဲရှဲ နီ....
နည်းမျိုးစုံ နဲ့  ကို ရင်ထဲက ကျေးဇူးတင်ပါတယ်...
ရင်ထဲက သူအတွက် ရေးထားပေးတာ မလား...
(ကျွန်တော့် ယူသွားပြီနော်)

Unknown said...

really good ,i also like very much it. try some more same like this.