မြို့ပြရဲ့သဏ္ဍာန်

Sunday, June 29, 2008
ရောင်စုံမီးတွေထိန်ထိန်ညီးလို့
မြို့ပြညရဲ့ရေစီးကြောင်းမှာ
တောင်ပံကျိုးငှက်ကလေးတွေ
ခိုကိုးရာမဲ့မျက်လုံးတွေနဲ့
အဖြူရောင်မီးခိုးတွေကြား
မျက်ရည်တောက်တောက်ကျနေပေါ့
ပြိုးပျက်ပျက်လျှပ်စီးအောက်မှာ
မြူးဆက်ဆက်သံစဉ်တွေကြား
ဖဲလ်ခွက်ရိုက်သံခပ်ပြင်းပြင်း
ကကြိုးမဲ့ကစားကွက်မြိုင်ဆိုင်
ခပ်ညံ့ညံ့ရေမွှေးတွေမွှန်းပြီး
ရင်ခုံသံပရမ်းပတာနဲ့
သံစဉ်လည်းငြိမ်ရော
ကချေသည်ကြိုးပျက်ပြီး
မျှော်လင့်ချက်မဲ့မျက်ဝန်းတစ်စုံဟာ
ဘယ်အသိုက်ကိုပြန်ရနိုးနိုး
ဟိုးရှေ့မှာအာရုဏ်သမ်းပါပေါ့.............

1 ဝေဖန်ထားပါတယ်။:

ကိုရင်ညိန်း said...

ဒီကဗျာ မိုက်တယ် ။ အတွေးကောင်းအရေးကောင်းပါ့ဗျာ
ဆက်ပါဦး