အလင်းနဲ့ အမှောင်

Friday, May 21, 2010
သို့......

" သက်ဆိုင်သူ "

ဒီတခါ ငါဒီစာကို အလင်းနဲ့ အမှောင် အကြောင်းကို ခံစားပြီး၊ ဥပမာ ပေးပြီးရေးချင်တယ်။ အလင်းနဲ့ အမှောင် ဆိုတာ ဒွန်တွဲပြီး မနေဘူး။ အလင်းဆိုတာလည်း သူ့ရပ်တည်မှုနဲ့သူ။ အမှောင်ဆိုတာလည်း သူ့ရပ်တည်မှုနဲ့သူ။ ရှင်သန်မှုကို အကြောင်း ထားပြီး သူနဲ့ သဟဇာတ ဖြစ်မယ့် ရပ်တည်မှုကို သူကျားကန်ထားတာပါ။

အလင်းထဲကလူလည်း သူ့ကမ္ဘာဟာ ဘယ်လို လှပကြောင်း၊ ဘယ်လို သာယာကြောင်း၊ ပန်းကလေးတွေ ဘယ်လို ပွင့်လန်း နေကြောင်း ကို သူစာဖွဲ့မယ်။ ကဗျာရေးမယ်။ တေးသီကျူးမယ်။ နေမင်းကြီး အလင်းရောင်ကြောင့် လောကကြီး တစ်ခုလုံး စိုပြေနေမယ်။ ဒီလို ဒီလို.. အလင်းကမ္ဘာထဲက အကြောင်းအရာတွေကို သူက ပြောပြပြီး အမှောင်ကို လာပါလာပါလို့ သူကခေါ်မယ်။

အမှောင်ထဲက လူလည်း သူဟာ မလာနိုင်တဲ့ အကြောင်း၊ သူ့ အမှောင်ကမ္ဘာမှာ လရောင်တွေ ဆမ်းတဲ့ ဖွေးလွှလွှ မြက်ခင်းလွင်ပြင်တွေ ရှိတဲ့အကြောင်း။ ထိန်ထိန်သာနေတဲ့ လမင်းဘေးကနေ ရှပ်တိုက်သွားတဲ့ တိမ်လွှာ မျှင်မျှင်လေးတွေကို သူပိုင်တဲ့ အကြောင်း။ တိတ်ဆိတ် နေတဲ့ ကန်ရေပြင်မှာ ပွင့်လန်းနေတဲ့ ကုမုဒြာ တွေလည်း သူနဲ့ စကားပြောဖော်ရှိကြောင်း။ ဒီလို ဒီလို... အမှောင်ကမ္ဘာထဲက အကြောင်း အရာတွေကို သူက ပြောပြပြီး အလင်းကို ဖိတ်ခေါ်ပေမယ့်.....

" သက်ဆိုင်သူ " ရေ ...
တစ်ကယ်တော့ သူ့ဘ၀နဲ့သူ သဟဇာတကျနေခဲ့တာပါ။ ရပ်တည်ရှင်သန်နေကြတာပါ။ ကိုယ်ပိုင်ကမ္ဘာလေးမှာ ကိုယ်ပိုင် လှပမှုတွေ ကိုယ်စီရှိကြပါတယ်။ ခက်တာက အလင်းနဲ့ အမှောင်ဟာ အချိန်တစ်ခုထဲမှာ ပြိုင်တူ ရပ်တည်ခွင့် မရနိုင်တာပဲ။ အလင်းနဲ့ အမှောင်ဟာ သဟဇာတ မကျနိုင်ခဲ့ပေမယ့် တွေ့ဆုံ စကားပြောခွင့်တွေ ရှိနေတယ်။ ခဏလေးပါ တစ်ကယ်ကို ခဏလေးပဲ။အလင်းရောင်ကွယ်ခါနီး အချိန်နဲ့ အမှောင်ယံ ကြီးစိုးခါနီး အချိန်မှာ သူတို့တွေဟာ ခဏတာ လက်ဆွဲနှုတ်ဆက်ကြတယ်။ ပြောစရာတွေ ရင်ဖွင့်ကြတယ်။ တစ်ကယ်ကို ခဏတာလေးပဲ သူတို့ သဟဇာတ ဖြစ်ခဲ့ကြတယ်။ အဲ့ဒီ ခဏတာလေးမှာ ဘယ်သူမှမသိလိုက်ပဲ သူတို့ဟာ ကိုယ်ပိုင်ဘ၀ထဲကို အလိုလို ရောက်သွားခဲ့တော့တာပဲ။......



'' ဖြောင့်ချက် ''

Wednesday, May 19, 2010



သံယောဇဉ်ကြိုး

Saturday, May 15, 2010



နှိုးစက်

Monday, May 10, 2010



လွမ်း၍ ခမ်းသွားသော မြစ်တစ်စင်း

Wednesday, May 5, 2010



တိမ်းပါး ခြေရာ

Saturday, May 1, 2010
ကမ်းစပ် တစ်ခု၌
ပထမတွင် ခြေရာနှစ်စုံ

ဒုတိယ ခြေလှမ်း
တစ်စုံ ကျန်၍

တတိယ ခြေလှမ်း
ကြွလှမ်းစဉ်၌

လှိုင်းပုတ်လေသမို့
ခြေရာတွေ တိမ်းပါးကြသည်။